ကားအကြောင်းသိကောင်းစရာများ

engine check light အကြောင်း ...




"" ကားတစ်စီးရဲ့ ဒိုင်ခွက်မှာပေါ်တဲ့ engine check Light နဲ့ ပတ်သက်လို့သိထားသင့်တာလေး များ ""

~~ အခုတလော Group ထဲမှာ အင်ဂျင် check မီးလင်းနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းတဲ့postလေးတွေတွေ့နေရပါ တယ် ဖြေကြတဲ့ member တွေကလဲ ကိုယ့်ရဲ့ကားမှာ အင်ဂျင် check မီးလင်းတုန်းက
ပြုပြင်လိုက်တဲ့ အတွေ့အကြုံအရ ကိုယ်ပြုပြင်ု
လိုက်တဲ့အစိတ်အပိုင်းကြောင့်လို့ပဲ အကြံညံပေး
ကြပါတယ် ။

တကယ်တော့ ကားတစ်စီးမှာ အင်ဂျင် checkမီး
လင်းလာတယ်ဆိုရင် ကားအင်ဂျင် အစိတ် အပိုင်းအများကြီးထဲက တခုခု ချို့ယွင်းနေလို့ eng check မီးပေါ်လာတာပါ ဒါကို OBD Scanner နဲ့ မစစ်ကြည့်ပဲ check မီးလင်းတာကြည့်ရုံနဲ့ 'plug' ကြောင့် 'O2' sensor ကြောင့် ပါ လဲလိုက်ပါ ကောင်းသွားမှာပါ လို့ အတတ်ပြောနိုင်ဖို့ဆိုတာ အကြားအမြင်ရနေတဲ့ လူမဟုတ်ရင် အဖြေသိနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး ထင်တာရမ်း ပြောလို့မှန်သွားခဲ့ ရင်လဲ ကြက်ကန်းဆန်အိုးတိုးသ
လိုပါပဲ ။

အင်ဂျင်တခုမှာ check မီးလင်းနိုင်တဲ့ အချက်လက်တွေ တော်တော်များများ ရှိပါတယ်။ sensor တွေကိုအကြမ်းပြင်းပြောရရင်

၁။ MAFS ဆိုတဲ့ mass air flow sensor
၂။ IATS ဆိုတဲ့ intake air temperature sensor
၃။ TPS ဆိုတဲ့ Throttle position sensor
၎။ ETC ဆိုတဲ့ electronic throttle control
၅။ ECTS ဆိုတဲ့ engine coolant temperature sensor
၆။ CMPS ဆိုတဲ့ camshaft position sensor
၇။ CKPS ဆိုတဲ့ crankshaft position sensor
၈။ HO2S ဆိုတဲ့ heated oxygen sensor
၉။ KS ဆိုတဲ့ knock sensor ၁၀။ MAP SENSOR ဆိုတဲ့ manifold absolute sensor
၁၁။CVVT i ဆိုတဲ့ continuously varible valve timing intelligent
၁၂။ APS ဆိုတဲ့ accelerator position sensor
(လီဗာကြိုးပြောက်ကားများ )
၁၃။ FTPS ဆိုတဲ့ fuel tank pressure sensor
၁၄။ Injector
၁၅။ ISCA ဆိုတဲ့ idle speed control actuator
၁၆။ PCSV ဆိုတဲ့ purge control solenoid valve
၁၇။ OCV ဆိုတဲ့ oil control valve ( cvvti)
၁၈။ CCV ဆိုတဲ့ canister close valve နဲ့ Diesel DPF system ပါတဲ့ကားတွေဆိုရင် DPF အစရှိတဲ့ အစိတ်ပိုင်းတွေအားလုံးဟာ ECU / ECM ထဲကိုအဝင်အထွက်လုပ်နေတဲ့ Parts တွေပါ ကား စပြီးတည်ဆောက် လိုက်ထဲက ECU ထဲကို ကို အသီးသီးရဲ့ data rate တွေကို သတ်မှတ်ပြီးထဲ့
ပေးလိုက်တာပိါု ECU ထဲကို ပြသာနာတခုခုကြောင့် သတ်မှတ်ထားတဲ့ Volt ထက်နဲပြီးဖြစ်စေ များပြီးဖြစ်စေ ဝင်လာခဲ့ရင် error ဆိုပြီး သတိပေးတဲ့ eng check မီးကိုလင်းစေတာပါပဲ ဒီဖော်ပြထားတဲ့ sensor တွေ motor တွေ ထဲမှာအရမ်းအရေးကြီးတာတွေပါသလို တချို့ဟာတွေကြတော့လဲ ပျက်နေပေမဲ့ ကားစက်တော့ ထိုးမရပ်တာမျိုးတွေလဲပါတဲ့အတွက်ကြောင့်
အင်ဂျင် check မီးလင်းလာရင် ဘယ်ဟာကြောင့်ဆိုတာ သေချာမသိနိုင်တဲ့အတွက် ပြသာနာဟာသေးချင်လဲ သေးနိုင်ပြီး ထင်ထားတာထက် အန္တရယ်ရှိနိုင်တာလဲ ဖြစ်နိုင်ပါတယ်

အကောင်းဆုံး အကြံပြုချင်တာကတော့ ရောဂါ ဖြစ်လာရင် ဗိန်းတောဆရာနဲ့
မကုသပဲ ဆေးရုံမှာသေချာစစ်ဆေးကြည့်သင့်သလိုမျိုး check လင်းပြီဆိုတာနဲ့ scanner နဲ့ အရင်စစ်မကြည့်ပဲ plug နဲ့ O2 sensor ကိုပဲ လဲကြည့်ဖို့ စဉ်းစားတာမျိုးတွေ ရှောင်ကျဉ်သင့်ပါတယ် ရောဂါ မသိပဲနဲ့ ထင်တာနဲ့ ကုနေရင် ရောဂါပိုဆိုးလာနိုင်သလို မလိုအပ်ပဲ ပိုက်ဆံတွေ
လဲကုန်နိုင်ပါတယ် ။

ကျွန်တော်တို့ဆီမှာ plug နဲ့ O2 sensor ပြသာနာတွေအဖြစ်များတာကလဲ ဓာတ်ဆီမသန့်လို့ အဖြစ်များနေတာပါ ပုံမှန်အတိုင်းဆိုရင် ရိုးရို့း် plug ရဲ့သက်တမ်းဟာ kilo 25.000 ကနေ 30.000 လောက်အသုံးခံနိုင်ပြီး platinum plug နဲ့ iridium plug ဆိုရင် kilo

70.000 ကနေ 80.000 လောက်အသုံးခံနိုင်ပါတယ် ။ နောက် O2 sensor ဆိုတာလဲ ပုံမှန်ဆိုရင် ခဏခဏ error ပြစ်တတ်တဲ့ part ထဲမှာမပါပါဘူး ။ ဒါကြောင့် အင်ဂျင် check မီး ဒါမှမဟုတ် တခြား error တခုခုပေါ်နေပြီဆိုရင် အရင်ဆုံး လုပ်ငန်း
သုံး scanner စက်နဲ့ အရင်ဆုံး စစ်ဆေးကြည့်ပါ ပေါ်နေတဲ့ error code ကို ဓာတ်ပုံရိုက်ထားပြီး ဘာ ပစ္စည်းမှမလဲခင် error code ကို erase လုပ်
ကြည့်ပါ တကြိမ်မရရင် နှစ်ကြိမ်လုပ်ကြည့်ပါ ပြောက်သွားတာမျိုးလဲရှိပါတယ် ဒါဆိုရင်တော့ လောလောဆယ်ဒီတိုင်းပဲ ကားကိုဆက်အသုံးပြု ကြည့်ပြီး နောက်ထပ်ပေါ်မလာရင်ဆက်သုံးလို့ရပါတယ်
တချို့ error code တွေကြတော့ earse လုပ်လို့မရပါဘူး ချက်ချင်းပြန်ပြန်ပေါ်လာပါတယ် ဒါဆိုရင်တော့ ဆက်စီးလို့မရတော့ပါဘူး ချို့ယွင်း
တဲ့အပိုင်ကို ပြုပြင်ဖို့လိုအပ်ပါတယ်။ ဥပမာ ckps နဲ့ cmps sensor ရဲ့ error မျိုးဆိုရင်လုံးဝ ဆက်မစီးသင့်တဲ့ sensor ထဲမှာပါပါတယ်။

အဓိကအကြံပေးချင်တာတော့ eng check မီး တခြား error တခုခုပေါ်လာပြီဆို အရင်ဆုံး စစ်ဆေးကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါကြောင်း ကျွန်တော်ရဲ့ လက်တွေ့ အတွေ့အကြုံအရ စေတနာနဲ့ အကြံပေးချင်ပါတယ် ။

Credit : Car Market in Myanmar

2 comments:

  1. မိုင်လက် မိုင်နုန်း များလာတဲ့ ကားတွေကို အင်ဂျင်ပြန်တင်တာ ပြန်ခုတ်တယ်ဆိုတဲ့ အကြောင်းလေးလည်း သိချင်ပါတယ် သိထားရင် ဝေမျှပေးပါဦးနော်

    ReplyDelete
  2. မိုင်လက် မိုင်နုန်း များလာတဲ့ ကားတွေကို အင်ဂျင်ပြန်တင်တာ အင်ဂျင် ပြန်ခုတ်တာဆိုတဲ့ အကြောင်းလေးလည်း သိချင်ပါတယ် သိထားရင် ဝေမျှပေးပါဦးနော်

    ReplyDelete