ခရစ်စတီရာနိုရော်နယ်ဒို နှင့် Rolls Royce
ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို အကြိမ်ကြိမ် ဆွတ်ခူးထားနိုင်တဲ့ရီးယဲလ်မက်ဒရစ် တိုက်စစ်မှုး စီရော်နယ်ဒိုဟာ ဗြိတိန်ထုတ် အဆင့်မြင့်ဇိမ်ခံကား Rolls-Royce Ghost ကားသစ်ကို ထပ်မံဝယ်ယူလိုက်ပြန်ပါတယ်။
စီရိုနယ်ဒိုဟာ ဘောလုံးကစားခြင်းမှ လစာငွေ အမြင့်မားဆုံးရရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်ရုံမက ပုံရိပ်အသုံးပြုခ ကြောငြာတို့မှ ငွေအမြောက်အများ ရရှိနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပြီး ကားအစီးရေ အမြောက်အများ ပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးတစ်ဦးလည်း ဖြစ်ပါတယ်။
နာမည်ကျော် စူပါပြိုင်ကားများဖြစ်တဲ့Lamborghine Aventador ၊ Ferrari 599 GTO ၊ Audi RS6 နှင့် အခြားကားများစွာ ပိုင်ဆိုင်ထားတဲ့ ဒိုလေးဟာ ယခုတွင် ကမ္ဘာပေါ်တွင် ဇိမ်ခံနိုင်မှု အကောင်းဆုံးဆိုပြီး နာမည်ကြီးတဲ့ တန်ဖိုးမြင့် Rolls-Royce Ghost ကားသစ်ကို ထပ်မံဝယ်ယူခဲ့ပြီး ထရိန်နင်ဆီသို့နှင့် အခြားသွားလာရာတွင် လတ်တလော အကြိုက်တွေ့စီးနင်းလျက် ရှိပါတယ်။
ရိုနယ်ဒိုဟာ Rolls-Royce Ghost ကို ဝယ်ယူခဲ့ရာတွင် စတာပေါင်ငွေ 330,000 ခန့်ပေးချေခဲ့ရပြီး ယင်းဇိမ်ခံကားဟာ 6.6 လီတာ V12 အင်ဂျင် ကားဖြစ်ကာ မြင်းကောင်ရေစွမ်းအား 453 ဟော့ပါဝါထုတ်လွတ်ပေးနိုင်စွမ်း ရှိတဲ့ကားပါ။ တစ်နာရီ 62 မိုင်နှုန်းကို 4.9 စက္ကန့်အတွင်း တင်နိုင်ပြီး အမြန်ဆုံး တစ်နာရီ 155 မိုင်ထိ မောင်းနှင်နိုင်စွမ်း ရှိကြောင်း သိရပါတယ်။
Ref : celebritycarsblog
Colay Automobile
Colay Automobile
No comments:
Post a Comment