ခရီးအတွက် အဆင်သင့်မဲ့ 2014 Mercedes-Benz E63 AMG
2014 ထုတ် AMG Wagon မော်ဒယ်သစ်တွင် Mercedes ရဲ့ပြောင်မြောက်လှတဲ့တင်ဆက်ထားမှုကို တွေ့ရပြီး သပ်ရပ်လှတဲ့ကားအသွင်ကို အံ့မခန်း စွမ်းအားနှင့် ပေါင်းစပ်ပေးထားတဲ့အတွက် Mercedes ချစ်သူများ အကြိုက်တွေ့လျက်ရှိတဲ့မော်ဒယ် တစ်မျိုးလည်း ဖြစ်ပါတယ်။
ဝယ်ယူသူများ ပေးချေရတဲ့ငွေနှင့် တန်အောင် ကားကို အကောင်းဆုံး တင်ဆက်ပေးထား တယ်လို့ဆိုထားပြီး သူမတူတဲ့စွမ်းအားပါ ပိုင်ဆိုင်ရအုန်းမှာ ဖြစ်ပါတယ်။ ကြီးမားလှတဲ့တာဗိုနှစ်လုံးတပ် 5.5 လီတာရှိ V8 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေအား 577 ဟော့ပါဝါ ထိအောင် ပေးစွမ်းနိုင်ပါတယ်။ ခုနှစ်ချက်ထို အော်တိုဂီယာနှင့် တွဲဖက်ပေးထားပြီး တစ်နာရီမိုင် 60 နှုန်းကို 3.6 စက္ကန့်အတွင်း တင်နိုင်ပြီး အမြန်ဆုံး တင်နိုင်တဲ့Top Speed က တစ်နာရီကို 186 မိုင် ဖြစ်တဲ့အတွက် စူပါကား တစ်စီးနီးနီး မြန်နှုန်း တင်နိုင်တာ ဖြစ်ပါတယ်။
လေးဘီးယပ် အမျိုးအစားဖြစ်ပြီး လူငါးယောက် ချောင်ချောင်စီးနိုင်တဲ့အပြင် နောက်တွင် 57.4 CU-FT အကျယ်အဝန်းရှိတဲ့ကာဂိုခန်း ပါဝင်ပါသေးတယ်။ စွမ်းအားနှင့် ကြည့်ပါက ဆီစားနှုန်း သက်သာလှတဲ့ကားဖြစ်ပြီး ဆီတစ်ဂါလံကို မြို့တွင်း 15 မိုင် ဟိုင်းဝေး 21 မိုင်ထိ ပြေးပါတယ်။ အတွင်းခန်း ကျယ်ဝန်းလှတဲ့ကားဖြစ်ပြီး Mercedes ဆိုတဲ့အတိုင်း ပြည့်ဝညက်ညောစွာ ဇိမ်အပြည့် ခံနိုင်အုန်းမှာ ဖြစ်ပါတယ်။
ဈေးနှုန်းက အမေရိကန် ဒေါ်လာ 102370 သတ်မှတ်ထားပြီး 2014 Mercedes Benz E63 AMG မော်ဒယ်ဟာ မိသားစုလိုက် စီးနှင်းရန် သင့်တော်ပြီး ကျယ်ဝန်းလှတဲ့ကာဂိုခန်းနှင့် စွမ်းအားမြင့်ပြီး ဇိမ်အပြည့်ယူနိုင်တဲ့ကားဖြစ်တဲ့အတွက် ခရီးသွားရန် အထူးသင့်တော်တဲ့ကားအဖြစ် သုံးသပ်ထားကြောင်း သိရပါတယ်။
Ref : autoblog
Colay Automobile
Colay Automobile
No comments:
Post a Comment