Wednesday, March 11, 2015

2013 Lincoln MKX Base

လူကြိုက်များ ပြီး အမေရိကန်ထုတ် ဒီဇိုင်း ခပ်လန်းလန်း Lincoln အမှတ်တံဆိပ် Crossover SUV ဖြစ်သော (ပုံပါကား) Lincoln MKX နဲ့ မိတ်ဆက်ပေးပါရစေ။ 
Lincoln MKX ဟာ2006 မှစတင်မိတ်ဆက်ခဲ့ပြီး 2007 တွင် ဈေးကွက်ထဲသို့ဖြန့်ချီတင်သွင်းခဲ့ရာ 2010 ခုနှစ် အထိ လိုအပ်ချက် အားနည်းချက်များ အနည်းငယ် ရှိခဲ့သဖြင့် ဒုတိယမျိုးဆက်အနေနဲ့ 2011တွင် လူအကြိုက်တွေ့စေမယ့် ဒီဇိုင်း ကို ပြုပြင် ပြောင်းလဲထုတ်လုပ်နိုင်ခဲ့ပါတယ်။Lincoln MKX ဟာ လူ(၅)ယောက်စီးဖြစ်ပြီး အသံပိုင်းစနစ် မှာလဲ စပီကာ(10)လုံး ပါရှိပြီး အသံထွက် အလွန်ကောင်းမွန် ပါတယ်။ လူကြီး/လူငယ်၊ ကျား/မ မရွေး အမှန်တကယ် အကြိုက်တွေ့စေမယ့် အတောင်ပံပုံ ရှေ့ ရှဲလ်လေးက လူတိုင်းရဲ့ အမြင်ကို ဆန်းစေမှာ အမှန်ပါ။
2013 Lincoln MKX Base ကို ရန်ကုန်ဆိပ်ကမ်းအရောက် ဈေးနှုန်း $29,500 ၀န်းကျင် အသက်သာဆုံးဈေးနှုန်းဖြင့် တင်သွင်းပေးနေပါသည်။ USA တစ်နိုင်ငံလုံးတွင်ရှိသော ကား Dealers အသီးသီးရှိ ကား အစီးရေများစွာထဲမှ တိုက်ရိုက်ကြည့်ရှု့၍ မိမိဝယ်ယူမည့် ကား၏ မောင်းနှင်ပြီးမိုင်/History/ကားအတွင်းအပြင်ပုံ(ယူမည့်ကားမူရင်းပုံ) /စိတ်ကြိုက်အရောင်/ဈေးနှုန်း စသည်ဖြင့် မူရင်းအချက်အလက်များတိကျစွာဖြင့် မှာယူရရှိနိုင်ပါသည်။ မှာယူမည့်ကား Grade ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွဲပြားနိုင်ပါတယ်။
ဂျပန်နိုင်ငံမှကားများကိုလဲ အသက်သာဆုံးဝန်ဆောင်မှု့ဖြင့် ဆောင်ရွက်ပေးနေပါသည်။
**************************************************************************
Make / Model ……………2013 Lincoln MKX Base
Body Style ………………. SUV
Exterior Color ………….. Black
Fuel ………………………..Gasoline
Transmission ……………. 6-Speed Automatic
Drivetrain ………………… FWD
Engine ……………………. 3.7L V6 24V MPFI DOHC
MoeZac Auto
01-2301655, 2301855

ခရီးအတွက် အဆင်သင့်မဲ့ 2014 Mercedes-Benz E63 AMG

2014 ထုတ် AMG Wagon မော်ဒယ်သစ်တွင် Mercedes ရဲ့ပြောင်မြောက်လှတဲ့တင်ဆက်ထားမှုကို တွေ့ရပြီး သပ်ရပ်လှတဲ့ကားအသွင်ကို အံ့မခန်း စွမ်းအားနှင့် ပေါင်းစပ်ပေးထားတဲ့အတွက် Mercedes ချစ်သူများ အကြိုက်တွေ့လျက်ရှိတဲ့မော်ဒယ် တစ်မျိုးလည်း ဖြစ်ပါတယ်။
ဝယ်ယူသူများ ပေးချေရတဲ့ငွေနှင့် တန်အောင် ကားကို အကောင်းဆုံး တင်ဆက်ပေးထား တယ်လို့ဆိုထားပြီး သူမတူတဲ့စွမ်းအားပါ ပိုင်ဆိုင်ရအုန်းမှာ ဖြစ်ပါတယ်။ ကြီးမားလှတဲ့တာဗိုနှစ်လုံးတပ် 5.5 လီတာရှိ V8 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေအား 577 ဟော့ပါဝါ ထိအောင် ပေးစွမ်းနိုင်ပါတယ်။ ခုနှစ်ချက်ထို အော်တိုဂီယာနှင့် တွဲဖက်ပေးထားပြီး တစ်နာရီမိုင် 60 နှုန်းကို 3.6 စက္ကန့်အတွင်း တင်နိုင်ပြီး အမြန်ဆုံး တင်နိုင်တဲ့Top Speed က တစ်နာရီကို 186 မိုင် ဖြစ်တဲ့အတွက် စူပါကား တစ်စီးနီးနီး မြန်နှုန်း တင်နိုင်တာ ဖြစ်ပါတယ်။
လေးဘီးယပ် အမျိုးအစားဖြစ်ပြီး လူငါးယောက် ချောင်ချောင်စီးနိုင်တဲ့အပြင် နောက်တွင် 57.4 CU-FT အကျယ်အဝန်းရှိတဲ့ကာဂိုခန်း ပါဝင်ပါသေးတယ်။ စွမ်းအားနှင့် ကြည့်ပါက ဆီစားနှုန်း သက်သာလှတဲ့ကားဖြစ်ပြီး ဆီတစ်ဂါလံကို မြို့တွင်း 15 မိုင် ဟိုင်းဝေး 21 မိုင်ထိ ပြေးပါတယ်။ အတွင်းခန်း ကျယ်ဝန်းလှတဲ့ကားဖြစ်ပြီး Mercedes ဆိုတဲ့အတိုင်း ပြည့်ဝညက်ညောစွာ ဇိမ်အပြည့် ခံနိုင်အုန်းမှာ ဖြစ်ပါတယ်။
ဈေးနှုန်းက အမေရိကန် ဒေါ်လာ 102370 သတ်မှတ်ထားပြီး 2014 Mercedes Benz E63 AMG မော်ဒယ်ဟာ မိသားစုလိုက် စီးနှင်းရန် သင့်တော်ပြီး ကျယ်ဝန်းလှတဲ့ကာဂိုခန်းနှင့် စွမ်းအားမြင့်ပြီး ဇိမ်အပြည့်ယူနိုင်တဲ့ကားဖြစ်တဲ့အတွက် ခရီးသွားရန် အထူးသင့်တော်တဲ့ကားအဖြစ် သုံးသပ်ထားကြောင်း သိရပါတယ်။
Ref : autoblog
Colay Automobile
ခရစ်စတီရာနိုရော်နယ်ဒို နှင့် Rolls Royce
ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို အကြိမ်ကြိမ် ဆွတ်ခူးထားနိုင်တဲ့ရီးယဲလ်မက်ဒရစ် တိုက်စစ်မှုး စီရော်နယ်ဒိုဟာ ဗြိတိန်ထုတ် အဆင့်မြင့်ဇိမ်ခံကား Rolls-Royce Ghost ကားသစ်ကို ထပ်မံဝယ်ယူလိုက်ပြန်ပါတယ်။
စီရိုနယ်ဒိုဟာ ဘောလုံးကစားခြင်းမှ လစာငွေ အမြင့်မားဆုံးရရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်ရုံမက ပုံရိပ်အသုံးပြုခ ကြောငြာတို့မှ ငွေအမြောက်အများ ရရှိနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပြီး ကားအစီးရေ အမြောက်အများ ပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးတစ်ဦးလည်း ဖြစ်ပါတယ်။
နာမည်ကျော် စူပါပြိုင်ကားများဖြစ်တဲ့Lamborghine Aventador ၊ Ferrari 599 GTO ၊ Audi RS6 နှင့် အခြားကားများစွာ ပိုင်ဆိုင်ထားတဲ့ ဒိုလေးဟာ ယခုတွင် ကမ္ဘာပေါ်တွင် ဇိမ်ခံနိုင်မှု အကောင်းဆုံးဆိုပြီး နာမည်ကြီးတဲ့ တန်ဖိုးမြင့် Rolls-Royce Ghost ကားသစ်ကို ထပ်မံဝယ်ယူခဲ့ပြီး ထရိန်နင်ဆီသို့နှင့် အခြားသွားလာရာတွင် လတ်တလော အကြိုက်တွေ့စီးနင်းလျက် ရှိပါတယ်။
ရိုနယ်ဒိုဟာ Rolls-Royce Ghost ကို ဝယ်ယူခဲ့ရာတွင် စတာပေါင်ငွေ 330,000 ခန့်ပေးချေခဲ့ရပြီး ယင်းဇိမ်ခံကားဟာ 6.6 လီတာ V12 အင်ဂျင် ကားဖြစ်ကာ မြင်းကောင်ရေစွမ်းအား 453 ဟော့ပါဝါထုတ်လွတ်ပေးနိုင်စွမ်း ရှိတဲ့ကားပါ။ တစ်နာရီ 62 မိုင်နှုန်းကို 4.9 စက္ကန့်အတွင်း တင်နိုင်ပြီး အမြန်ဆုံး တစ်နာရီ 155 မိုင်ထိ မောင်းနှင်နိုင်စွမ်း ရှိကြောင်း သိရပါတယ်။
Ref : celebritycarsblog
Colay Automobile